ယင်းမာပင်မြို့တွင် ၇၇ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ယင်းမာပင် ဇူလိုင် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့တွင် ၇၇ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်၂ အ‌ခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မူလတန်းအဆင့်တွင် "အလေးအမြတ်ဂုဏ်ပြုအပ် အာဇာနည်နေ့မြတ်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်တွင် "အာဇာနည်နေ့နှင့်လူငယ်တို့၏တာဝန်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းအဆင့်တွင် "အာဇာနည်နေ့မှသည် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့" ခေါင်းစဉ်ဖြင့်လည်းကောင်း ကျောင်းသား၊ကျောင်းသူ ၂၅  ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)