လှိုင်းဘွဲ နိုဝင်ဘာ ၁၇
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည်ဖေါ်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယ နှစ်စက်ဝန်း)တွင် အိမ်ထောင်စု ၂၂၀စု၊ လူဦးရေ ၁၃၄၀ဦးတို့အား အကျိုးပြုနိုင်မည့် နောကောကျေးရွာအုပ်စု လတ်ခတ်ကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ၂၀၂၀ခုနှစ် နိုဝင်ဘာလ ၁၅ရက်နေ့က စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်လမ်းသည် လူထုဗဟိုပြုစီမံကိန်းမှထောက်ပံ့ငွေ ၂၅,၀၀၀,၀၀၀ကျပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး (အရှည် ၁၉၀၀ပေ x အကျယ် ၁၀ပေ x ထု ၆လက်မ)တို့ဖြင့် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ် နည်းပညာအကြံပေးအဖွဲ့တို့၏ စနစ်တကျလမ်းညွန်မှု၊ လက်ထောက်နည်းပညာမှူး နန်းဇီဇဝါပွင့်၊ လူထုစည်းရုံးရေးမှူးနန်းစန်းစန်းမြင့် တို့၏အနီးကပ်ကြီးကြပ်မှူးနှင့် ကျေးရွာသူ/ ကျေးရွာ သားတို့၏ပူးပေါင်းပါဝင်မှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)