ပန်းတောင်း နိုဝင်ဘာ ၁၇
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများဖြစ်ပွားနေသောကြောင့် ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးစာကြည့်တိုက်အား ယာယီ ပိတ်ထားစဉ် ကာလအတွင်း စာဖတ်ပရိသတ်များနှင့် ကလေးငယ်များ အသိပညာဗဟုသုတများ တိုးပွားစေရန်အတွက် အသိပညာပေး လုပ်ငန်းများအား အွန်လိုင်းမှ တဆင့် အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ထုတ်လွှင့်ပေးလျက်ရှိသည်။
အွန်လိုင်းမှတစ်ဆင့် အသိပညာပေးရာတွင် စာဖတ်ပရိသတ် ပြည်သူများနှင့် ကလေးငယ်များအတွက် ပုံပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စက္ကူအရုပ်ခေါက်ခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ စာဖတ်သူအကြိုက် စာပေဆွေးနွေးခြင်းနှင့် Talk Show အစီအစဉ် များအား ပန်းတောင်းမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက် Facebook Page မှတဆင့် ထုတ်လွှင့်ပေးနေသကဲ့သို့ ကိုဗစ်-၁၉ရောဂါ ဆိုင်ရာ အသိပေးသတင်းပေး၊ ဒေသဆိုင်ရာ သတင်းများနှင့် နိုင်ငံတော်၏ ထုတ်ပြန်ချက် အစရှိသည့် သတင်းအချက်အလက်များကို လည်း IPRD Padaung Facebook Page တွင် နေ့စဉ်ဖော်ပြပေးလျက်ရှိကြောင်း သိရသည်။
သင်းသင်းအေး (ပြန်/ဆက်)