လှိုင် ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် အမှတ် (၄) အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဂတိလိုက်စားမှုပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် အမှတ် (၄) အခြေခံပညာအလယ်တန်းကျောင်းရှိ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး အဂတိလိုက်စားမှုအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ကြပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး စာအုပ်၊ စာစောင်များနှင့် နံရံကပ်စာစောင်များကို တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ယမင်း(ပြန်/ဆက်)