ဝန်းသို နိုဝင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ပိန္နဲကုန်းကျေးရွာတွင် ကောလင်း မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာ မြစိမ်းရောင် (ငါးကဏ္ဍ) စီမံကိန်းအတိုးရငွေဖြင့် ရွာတွင်းလမ်းမီးတိုင် ၆၅တိုင်အား ကွန်ကရစ်တိုင်များဖြင့် အစားထိုးလဲလှယ် တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီး စီးပြီဖြစ်ကြောင်း သိရသည်။
ပိန္နဲကုန်းကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်သည့် ရွာတွင်းလမ်းမီးတိုင်များ အဆင့်မြှင့်တင် ဆောင်ရွက် ခြင်းလုပ်ငန်းကို စီမံကိန်းကာလ ပဉ္စမနှစ်တွင် သုံးနှစ်ပြည့်အတိုးရငွေ၏ ၅၀ ရာခိုင်နှုန်းမှ ငွေကျပ်သိန်း ၁၀၃၈၆၀၀၀ဖြင့် ကျေးရွာမြစိမ်းရောင် (ငါးကဏ္ဍ) စီမံကိန်း ကော်မတီက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ လုပ်ငန်းပြီးစီးမှုအခြေအနေများကို ကောလင်းမြို့ နယ် ငါးလုပ်ငန်းဦးစီးဌာနမှူးနှင့်အဖွဲ့က ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြ ကြောင်း သိရှိရသည်။
ကျော်မြိုင် (ပြန်/ဆက်)