မြောက်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု

မြောက်ဥက္ကလာပ နိုဝင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဆောင်ရွက်နေဆဲ လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းနေရာများအား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇေမိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး ဦးအောင်မင်းနှင့် တာဝန်ရှိသူများက ရေစီးရေလာ တာဝန်ခံအဖွဲ့ အကောင်အထည်ဖော်ခဲ့သော ()ရပ်ကွက် ..က() ခြံစည်းရိုးပတ်လည် ကွန်ကရစ်ရေမြောင်းနှင့် ရေမြောင်းဖုံး ပြုလုပ်ထားရှိမှု၊ ()ရပ်ကွက်နှင့် ()ရပ်ကွက် အကြား မေဓာဝီ၊ သုနန္ဒာလမ်းဆုံမှ သုဓမ္မာ၊ သုနန္ဒာလမ်းဆုံကြား သုနန္ဒာလမ်းဝဲယာ ကွန်ကရစ်ရေနုတ်မြောင်း ပြုလုပ်ရန် ပြင်ဆင်နေမှု၊  ()ရပ်ကွက် သုနန္ဒာရေကန်ပတ်လည် ကွန်ကရစ်မြောင်းနှင့် မြောင်းဖုံး ပြုလုပ်ထားမှု၊ သုနန္ဒာ ရေကန်ထောင့်မှ  Moonsun စက်သုံးဆီဆိုင်ဖက်သို့ ကွန်ကရစ်ရေထွက်မြောင်း ပြုလုပ်ထား ရှိမှု၊ ပန်းဥယျာဉ်ဌာန၏ ကန်သာယာပန်းခြံအတွင်း အဆင့်မြှင့်တင်အကောင်အထည် ဖော်နေမှုများနှင့် ပန်းခြံအတွင်း အများပြည်သူသုံး သန့်စင်ခန်း (Public Toilet) တည်ဆောက်ရန် သတ်မှတ်မြေနေရာများအား ကြည့်ရှုမှု၊ ခေမာသီလမ်းမကြီးတစ်လျှောက် လမ်းမီးများ တပ်ဆင်ထွန်းပေးနိုင်ရေး လျှပ်စစ်မှ တာဝန်ရှိသူများနှင့် ကြည့်ရှုနေမှု၊ မြောက်ဥက္ကလာပအဝိုင်းကြီး ပန်းခြံအတွင်း အရိပ်ရအပင်များ စိုက်ပျိုးထားရှိမှု၊ မြေယာအလှ ပြုပြင်ထားရှိမှု၊ ပျက်စီးထိုင်ခုံများ ပြုပြင်ထားရှိမှု၊ ပန်းခြံအရှေ့၌ လမ်းတံတား အင်ဂျင်နီယာ အဖွဲ့မှ အကောင်အထည်ဖော် ဆောင်ရွက်နေသော Public Car Parking ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်ချက်များကို အကြံပြု ပြောကြားခဲ့ကြောင်း သိရသည်။

မြမြဝင်း (ပြန်/ဆက်)