သာကေတ နိုဝင်ဘာ ၁၇
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလ၌ မြန်မာချီကျိဖောင်ဒေးရှင်းပရဟိ အသင်းမှ လှူဒါန်းသည့် ဆန်နှင့်ဆီများအား ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရှိ စားဝတ်နေရေး ခက်ခဲနေသော အခြေခံပြည်သူများအား ပြန်လည်လှူဒါန်းခြင်းကို ၁၅.၁၁.၂၀၂၀ ရက်နေ့နှင့် ၁၆.၁၁.၂၀၂၀ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် သာကေတမြို့နယ် လွှတ်တော်ကိုယ်စားလှယ် များမှ မြို့နယ် အတွင်းရှိ ရပ်ကွက်(၁၉)ရပ်ကွက်၌ စားဝတ်နေရေးခက်ခဲနေသော အခြေခံပြည်သူများအား ဆန်(၈)ပြည်ပါ အိတ်(၁၀၀၀) နှင့် ဆီ(၁)လီတာဘူး (၁၀၀၀)ဘူးတို့အား ဝေမျှ လှူဒါန်းခဲ့ကြောင်းသိရသည်။
ကိုဘုန်း(ပြန်ဆက်)