ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်

ဒဂုံတောင် နိုဝင်ဘာ ၁၇


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာအမှတ်(၁၀၇)ရပ်ကွက် ငုဝါမြိုင် လမ်းနှင့် မိုးတွင်းကာလ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေ ရေနုတ်မြောင်းများ တူးဖော် ပေးနေသည့်အခြေအနေများကို ယနေ့နံနက်(၀၉:၀၀)နာရီအချိန်ကစတင်၍ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါကြည့်ရှုစစ်ဆေးရာတွင်ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်  အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင် ဦးဆောင်၍၊ မြို့နယ်စည်ပင်သာယာ တာဝန်ရှိသူများ နှင့်အတူ ကြည့်ရှု စစ်ဆေးကာ လမ်းများ၏ မြေပြင်အခြေအနေများ၊ လမ်းမြေသား စတင် ခင်းကျင်းပါက စနစ်တကျ ရှိစေရေး၊ တည်ဆောက်ရာတွင်လည်း သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီတည်ဆောက်ကြရန် ပြောကြားခဲ့ကြောင်းသိရသည်။
ထို့နောက် မြေပြင်အခြေအနေအား လှည့်လည်ကြည့်ရှုကာ တာဝန်ရှိသူများအား လိုအပ်သည်များ ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သက်မင်းဟန်(ဒဂုံတောင်)