နှာခေါင်းစည်း(Mask) တပ်ဆင်မှု မရှိသည့်သူများကိုဒဏ်ငွေ ပေးဆောင်စေခြင်းနှင့် Mask campaign ဆောင်ရွက်

ရန်ကင်း  နိုဝင်ဘာ  ၁၇


ရန်ကုန်အရှေ့ပိုင်းခရိုင် ၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ အတည်ပြုပိုးတွေ့ လူနာ များပြားလာခြင်းကြောင့် ကြိုတင် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့် ဆောင်ရွက်လျက် ရှိသည်။ 
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ မြို့နယ် အတွင်းရှိ ပြည်သူများ နေအိမ် ပြင်ပမှ ထွက်ခွာတိုင်း ပါးစပ်နှာခေါင်းစည်း Mask များ မပျက် မကွက် တပ်ဆင်ကြရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များကို လိုက်နာကြစေရန် အတွက်  တာဝန်ရှိသူများက အသိပညာပေးပြီးဖြစ်ရာ ယနေ့ နံနက် ၈ နာရီက ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ရန်ကင်းမြို့နယ် အမှတ်(၁၂)ရပ်ကွက် ဘူတာရုံလမ်း၊ ကံဘဲ့ဘူတာဈေးနှင့် အမှတ်(၁၅)ရပ်ကွက် ဘောက်ထော်ဘူတာဈေးတို့တွင်  ပါးစပ်နှာခေါင်းစည်း (Mask)  မတပ်ဆင်သူများကို ဒဏ်ငွေ ပေးဆောင်စေခြင်းနှင့် mask campaign ဆောင်ရွက် ခဲ့ကြောင်း သိရသည်၊၊
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ Mask တပ်ဆင်သွားလာခြင်းမရှိ သူများအား ဒဏ်ပေးသည့်အနေဖြင့် Mask ဝယ်ယူစေပြီး ချက်ချင်းဝယ် ချက်ချင်းတပ်စနစ်ဖြင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
လင်းလင်းထွန်း(ပြန်/ဆက်)