ညောင်လေးပင် နိုဝင်ဘာ ၁၇
ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အား အထောက်အကူဖြစ်စေရန်အတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ သွားလာရာတွင် မဖြစ်မနေ Mask စနစ်တကျ တပ်ဆင်သွားလာကြစေရန် အသိပညာပေးသည့်အနေဖြင့် နိုဝင်ဘာလ ၁၇ ရက် နံနက် ၈ နာရီအချိန်က ညောင်လေးပင်မီးပွိုင့်လမ်းဆုံ၊ မြို့နယ် မီးသတ်စခန်းရှေ့ နှင့် ညောင်လေးပင်-မဒေါက်လမ်းရှိ ဘုရားကြီးရှေ့တို့၌ Mask Campaign ဆောင်ရွက်ခဲ့ကြသည်။
Mask Campaign ဆောင်ရွက်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်သိန်း၊ မြို့နယ် ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနော်မိုင်လှကြည်နှင့်ဌာနဆိုင်ရာများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးနှင့် အမျိုးသမီးရေးရာ အသင်းဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့များ ပူးပေါင်းပါဝင်ပြီး ကိုဗစ်−၁၉ ရောဂါ အတွက် ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များ နှင့်Mask(၃၀၀၀)ခုတို့အား သုံးနေရာ ခွဲ၍အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
အလားတူ ညောင်လေးပင်မြို့နယ်အတွင်းရှိ ပိန်းဇလုပ်မြို့၊ မဒေါက်မြိုနှင့် ပြွန်တန်ဆာ မြို့များ၌လည်း သက်ဆိုင်ရာ မြို့အုပ်ချုပ်ရေးမှူးများနှင့် တိုက်နယ်ဆရာဝန်များ ဦးဆောင်လျက် Mask Campaign ဆောင်ရွက်ခဲ့ကြပြီး နေ့စဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး၏ ပြောကြားချက်အရသိရသည်။
မြို့နယ်ပြန်/ဆက်