တန့်ဆည် နိုဝင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာ မြေပြိုမှုကြောင့် ထိခိုက်သေဆုံးသွားသူ၏ မိသားစုဝင်များအတွက် ထောက်ပံ့ငွေများကို ယနေ့ နံနက် ၉ နာရီ အချိန်က ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများကို တန့်ဆည်မြို့နယ်ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌဒေါက်တာ အေးကိုကိုအောင်နှင့် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူး ဦးမျိုးဝင်းညွန့်တို့မှ နဘက်ကြီး ကျေးရွာမှ သေဆုံးသူ၏ မိသားစုဝင်များအား လသားချင်းစာနာ ထောက်ထား သောအားဖြင့် အရင်းအနှီး လုပ်ကိုင်စားသောက်နိုင်ရန်အတွက် ထောက်ပံ့ငွေကျပ် ခြောက်သိန်းတိတိကို လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ပြီး အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။
ငြိမ်းမင်းထွန်း(တန့်ဆည်)