ခင်ဦးမြို့နယ်ရှိ မသန်စွမ်းသူနှစ်ဦးအား လိုအပ်သည့်ပစ္စည်းများထောက်ပံ့

ခင်ဦး   ဖေဖော်ဝါရီ   ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့နှင့် မြို့မိမြို့ဖတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် မသန်စွမ်းသူနှစ်ဦးအား အလှူရှင် ရှာဖွေပြီးလိုအပ်သည့် ပစ္စည်းများထောက်ပံ့ခြင်းကို ယနေ့  နံနက်ပိုင်းက အလှူရှင်များနှင့်အတူ သွားရောက်လှူဒါန်းခဲ့သည်။

မသန်စွမ်းသူနှစ်ဦးမှာ ခင်ဦးမြို့နယ်၊ အိုင်ပေါက်ကြီးကျေးရွာမှ မောင်သန်းကျော် အသက် (၁၈) နှစ်တွင် လိုအပ်နေသော စတီးချိုင်းထောက်(Crutch) တစ်စုံကိုလည်းကောင်း၊ မောင်ဇွဲနိုင်ဝင်း အသက် (၁၄) နှစ်တွင် လိုအပ်နေသော Wheel Chair ကိုလည်းကောင်း အလှူရှင် ဦးခင်မောင်ဝင်း(အင်ဂျင်နီယာမှူးကြီး)၊ ဒေါ်မိုးစန္ဒီအောင် မိသားစု၊ မန္တလေးမြို့တို့က ကိုယ်တိုင်လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး ပစ္စည်းများ ချို့ယွင်းပျက်စီးသွားပါကလည်း အကြောင်းကြားပေးရန် ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးစိုးဝင်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖအဖွဲ့တို့က မသန်စွမ်းသူနှစ်ဦးအား အချိုရည်နှင့် အာဟာရများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

စိုးဝေအောင်(ခင်ဦး)