စစ်ကိုင်း နိုဝင်ဘာ ၁၇
စစ်ကိုင်းခရိုင် Coronavirus Disease 2019(COVID-19) ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများနှင့် ပရဟိတ အဖွဲ့များအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက စစ်ကိုင်းမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ စိမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးတက်ရောက် ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်းနှင့်အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဦးကျော်သောင်း တို့တက်ရောက်၍ ဆွေးနွေးအမှာစကားများကို ပြောကြားခဲ့ကြရာ စစ်ကိုင်းခရိုင် Coronavirus Disease 2019(COVID-19) ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီဥက္ကဌ ဦးဆန်းထွန်းစိန်နှင့် ခရိုင်အဆင့်လုပ်ငန်းကော်မတီများ၊ မြို့မိ၊ မြို့ဖအဖွဲ့ဥက္ကဌ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့များက မိမိတို့၏လုပ်ငန်းများကဏ္ဍ အလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် လက်တွေ့မြေပြင်မှာ တွေ့ကြုံရသည့်အခြေအနေများ၊ မိမိတို့မြို့နယ်များတွင်(COVID-19)ရောဂါနှင့်ပတ်သက်၍ ကူးဆက်ပြန့်ပွားမှုမရှိစေရန် လုပ်ငန်း များကို စီမံချက်ရေးဆွဲဆောင်ရွက်ထားရှိမှုများနှင့် တွေ့ကြုံရသည့် အနေအခြေများကို တင်ပြဆွေးနွေး ခဲ့ကြ သည်။
ဆွေးနွေးပွဲအပြီးတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စစ်ကိုင်းခရိုင်အတွင်းရှိ စစ်ကိုင်း၊ မြင်းမူနှင့် မြောင်မြို့နယ်များသို့ ထောက်ပံ့ပေးအပ်သည့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ၊ စစ်ကိုင်းမြို့ နယ်ပရဟိတအဖွဲ့များမှ ပိုးတွေ့လူနာများနှင့် အထွေထွေလူနာများကောက်ရာတွင် အသုံး ပြုသည့် မော်တော်ယာဉ်များအတွက် ထောက်ပံ့ပေးအပ်သည့် ငွေကျပ်(၁၀)သိန်းကို စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ကိုယ်စား တိုင်းဒေသကြီးစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးကပေးအပ်ရာ စစ်ကိုင်း ခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူးနှင့်ပရဟိတအဖွဲ့ဝင်များမှ လက်ခံရယူခဲ့ကြကြောင်း သိရသည်။
မျိုးဝင်း(ပြန်/ဆက်)