ပေါက် နိုဝင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း စီးပွား ရေးကုစားမှု CERP အစီ အစဉ်ဖြင့် မိုးစပါးမျိုးသန့် မျိုးစေ့ထုတ်ကွက်စိုက်ပျိုးထားသော အင်း တောကျေးရွာအုပ်စု၊ အုန်းတောကျေးရွာ၊ ကွင်း အမှတ် (၁၅၇၈)၊ ဦးပိုင်အမှတ် ၅၆/က ၊ တောင်သူ ဦးဆန်းဌေး၏ ဆင်းသုခ စိုက်ခင်း (၁) ဧက၌ (၀ဒသမ၁၀) စံကွက် ရိတ်သိမ်းပွဲ ကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ တစ်ဧက စပါးအစိုအထွက်နှုန်း ၁၁၅ တင်းကျော် ထွက်ရှိခဲ့ ကြောင်း မြို့နယ်စိုက် ပျိုးရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ စံကွက်ရိတ်သိမ်းပွဲကို တောင်သူဦးကြီးများ မိုးစပါးသီးနှံ ကိုယ်စားပြုစံအထွက်နှုန်းအား သိရှိနိုင်ရန်၊ သီးနှံစိုက်စနစ်အလိုက် အထွက်နှုန်းအားသိရှိနိုင်ရန်နှင့် မိုးစပါးသီနှံ အထွက်တိုးရေး အထွက်နှုန်း မိတ်ဖက်များ၏ အရေးပါမှု ကို တောင်သူများ သိရှိ နားလည်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်ပြီး စံကွက်ရိတ်သိမ်းပွဲသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းဝင်း၊ မြို့နယ် အုပ်ချုပ် ရေးမှူး ဦးညီညီအောင်၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဦးစီးမှူး ဦးချိုသင်း၊ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းကိုနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ကြသည်။
ပေါက်မြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း စီးပွား ရေးကုစားမှု CERP အစီအစဉ်ဖြင့် ဆင်းသုခ မိုးစပါးမျိုး သန့် မျိုးစေ့ ထုတ်စိုက်ဧက ၃၄၆ ဧကလျာထား စိုက်ပျိုးထားကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဉာဏ်တိုး (ပေါက်)