နတ်တလင်း နိုဝင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိလက္ခဏာ ပြသ၍ နတ်တလင်းမြို့နယ် ပြည်သူ့ ဆေးရုံသို့ခေါ်ဆောင်၍ ဆေးကုသပေးနေသူ (၅)ဦး တို့သည် ဆေးကုသ ခံယူမှု ပြီးစီးသွားပြီဖြစ်၍ ၄င်းတို့၏ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ ပြန်လည် ပို့ဆောင်ပေးခြင်းကို နတ်တလင်းမြို့နယ်မှ လူမှုကူညီရေးအသင်းအဖွဲများမှ ကူညီပို့ဆောင် ပေး ခဲ့ကြသည်။
မြို့နယ်ဆရာဝန်ကြီးကလည်း ဆေးရုံမှနေအိမ်သို့ပြန်ရောက်လျှင်လည်း မိမိနေအိမ်မှ တခြားနေအိမ်များ အရပ်ဒေသများသို့ သွားရောက်ခြင်း မပြုဘဲ Stay at homeအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက် များ နှင့် အညီ နေထိုင်ပေးကြပါရန် မှာကြားခဲ့ကြောင်း သိရသည်။
ဝင်းမြင့် နတ်တလင်း