ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ၌ သန့်ရှင်းလတ်ဆတ်သော သား၊ငါး စားသောက်ကုန်များ လွယ်ကူစွာဝယ်ယူနိုင်ရန်အတွက် ဈေးကားများဖြင့် လိုက်လံရောင်းချမည်

သာကေတ နိုဝင်ဘာ ၁၇

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ၌ သန့်ရှင်းလတ်ဆတ်သော သား၊ငါး စားသောက်ကုန်များ လွယ်ကူစွာ ဝယ်ယူနိုင်ရန်အတွက် (၁၈.၁၁.၂၀၂၀)ရက်နေ့တွင် ဈေးကားများ လိုက်လံရောင်းချမည်ဟု သိရသည်။

အဆိုပါ ရောင်းချခြင်းကို  (၁၈.၁၁.၂၀၂၀)ရက်နေ့တွင် အမှတ်()ရပ်ကွက်၊ ရှုခင်းသာ လမ်း၊ ရိုးမဘဏ်ရှေ့၊ နံနက်() နာရီမှ (:၃၀) ထိနှင့် ၁၀/မြောက်ရပ်ကွက်၊ နဝရတ်လမ်း၊ ရွှေသပြေရိပ်မွန် အိမ်ယာရှေ့တွင် နံနက်(:၄၅) မှ စ၍ သန့်ရှင်းလတ်ဆတ်ကာ ကျန်းမာရေးနှင့် ညီညွတ်ပြီး ပစ္စည်းမှန်၊ ဈေးနှုန်းသင့်သည့် စားသောက်ကုန်များကို ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့် အညီ ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ကိုဘုန်း(ပြန်ဆက်)