ရေတာရှည် နိုဝင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးရွာတစ်ရွာလျင် အရင်းမပျောက်မတည်ငွေရင်း ကျပ်သိန်း ၃၀၀ ဖြင့် ကျေးရွာပေါင်း ၅၁ ရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် စီမံကိန်းဝင်ကျေးရွာ ကော်မတီအလိုက် သတ်မှတ်ထားသည့် အတိုးနှုန်း နှင့် ငွေထုတ်ချေး၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများကို တိုးချဲ့ ဆောင်ရွက်နိုင်ခဲ့ပြီး ပြန်လည်ရရှိလာသည့် အတိုးရရှိငွေဖြင့် မိမိတို့ကျေးရွာ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦ:စီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦ:ရန်နိုင်ညွန့် နှင့် ဝန်ထမ်းများသည် နိုဝင်ဘာ ၁၆ ရက်နေ့က ဂုံမင်းကွင်းကျေးရွာ ၌ မြစိမ်းရောင် စီမံကိန်းအတိုးရရှိငွေ ကျပ်သိန်း ၇၀ ဖြင့် အရှည် ၁၄၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၈ လက်မ ရှိ ကျောက်ရောမြေသား လမ်းဖောက်လုပ်နေမှု ကို ကျေးရွာကော်မတီဝင်များနှင့်အတူ ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဆု(ပြန်/ဆက်)