မြောက်ဥက္ကလာပမြို့နယ်တွင်  နယ်မြေအေးချမ်းလုံခြုံရေး မှုခင်းများလျော့နည်းကျဆင်း စေရေး အတွက် လှည့်ကင်းများဖြင့် ဆောင်ရွက်

မြောက်ဥက္ကလာပ နိုဝင်ဘာ ၁၇


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး နယ်မြေ အေးချမ်းလုံခြုံရေး၊  မှုခင်းများ လျော့နည်းကျဆင်းရေးနှင့် ပြည်သူများ စိတ်အေးချမ်း သာစွာ နေထိုင်နိုင်ရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှ ညစဉ် လှည့်ကင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ည ၁၀ နာရီက   ရဲတပ်ကြပ်ကြီး လှမြင့်ထွန်း ဦးဆောင်သော အဖွဲ့မှမြိုနယ်အတွင်း လှည့်ကင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး Stay at Home ကာလအတွင်း ခိုး၊ ဆိုး၊ လု၊နှိုက် အမှုများနှင့် ဒုစရိုက်မှုများ ကျဆင်းစေရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေးနှင့်  ပြည်သူများ အချိန်မတော်သွားလာမှုမရှိစေရေးကို လှည့်ကင်း၊ ပတ်ကင်း၊ ရပ်ကင်းများ ဖြင့် ညစဉ် မြို့နယ်ရဲတပ်ဖွဲ့မှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)