လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “(၇၇)နှစ်မြောက် အာဇာနည်နေ့” အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ ပြုလုပ်

လိပ်သို ဇူလိုင်           ၁၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ နေ့ထူးနေ့မြတ်များကို အလေးထားတတ် စေရန်၊ ဉာဏ်ရည် ဉာဏ်သွေးများ ပိုမိုထက်မြက်လာစေရန် ရည်ရွယ်၍ “(၇၇)နှစ်မြောက် အာဇာနည်နေ့” အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ  ၁ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ယခုလို ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် ကျောင်းသား/ကျောင်းသူများ နေ့ထူးနေ့မြတ်များကို တန်ဖိုးထားတတ်လာပြီး စာကိုပြေပြေပြစ်ပြစ် တန်ဆာဆင် ရေးသားတတ်ကာ ပန်းချီကိုလည်း စနစ်တကျ ရေးဆွဲတတ်လာမည်ဖြစ်ကြောင်းနှင့်  ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ပြောကြားခဲ့သည်။

ဆက်လက်၍ စာစီစာကုံးပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၀) ဦး၊ ပန်းချီပြိုင်ပွဲတွင် အလယ်တန်းအဆင့် (၁၀) ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး  ကျောင်းသား/ ကျောင်းသူများအား မြို့ဦးစီးမှူးက ပုံဆွဲဗလာစာအုပ်များနှင့်  ခဲတံများကို အမှတ်တရ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)