ထီးချိုင့်မြို့နယ် ပြည်သူ့ဆေးရုံ တိုးချဲ့(၂) ထပ်ဆောင် အဆောက်အဦ ပန္နက်တင် အခမ်းအနား ကျင်းပ

ထီးချိုင့် မတ် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ပြည်သူ့ဆေးရုံတိုးချဲ့ (၂) ထပ်ဆောင် အဆောက်အဦးဆောက်လုပ်ခြင်း ပန္နက်တင်အခမ်းအနားကို ယနေ့နံနက် (၈) နာရီတွင် ကုတင် (၅၀) ဆံ့ ပြည်သူ့ဆေးရုံဝင်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်မော်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးစိုးလွင်၊  မြို့နယ်ဆရာဝန်ကြီးဒေါက်တာကိုကိုနိုင်၊ စည်ပင် အလုပ် အမှုဆောင် အရာရှိ ဦးခိုင်လွင်သန့်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးအေးတို့မှ   ပြည်သူ့ဆေးရုံတိုးချဲ့ (၂) ထပ်ဆောင် အဆောက်အဦးအား ပန္နက်ရိုက်ပေးခဲ့ကြပြီး အမွှေးနံသာရည်များ ပက်ဖြန်းပေးခဲ့ကြပါသည်။

အဆိုပါ အဆောက်အဦးသည် အလျား (၁၅၀)ပေ၊ အနံ (၉၂) ပေ၊ အမြင့် (၂၉) ပေ ဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် (Foundation ) ခွင့်ပြုငွေ (၁၇၇.၃) သန်းအား Htet Myat Htun Co.,Ltd မှ တာဝန်ယူတည်ဆောက်မည်ဖြစ်ကြောင်းသိရှိရသည်။

ရဲလင်းထွန်း (ထီးချိုင့်)