ကဝမြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ အသိပညာပေး လုပ်ငန်းများဆောင်ရွက်

ကဝ နိုဝင်ဘာ ၁၇

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ကဝမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ကဝမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဖလေးကျေးရွာ ပေါက်ကုန်းကျေးရွာ ပေါက်ကွဲကျေးရွာ အေးရွာ မိုးဂနိမ်းကျေးရွာတို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် နိုင်ရေးအတွက် ပြည်သူများသိရှိစေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန် အသံချက်စက်ဖြင့် အသိပညာပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 ချစ်နှင်းသုန်(ပြန်/ဆက်)