ရန်ကုန် နိုဝင်ဘာ ၁၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ပြည်သူများ ပြင်ပထွက်ခွာချိန်တိုင်းတွင် နှာခေါင်းစည်း (Mask) များနှင့် Face Shield များ တပ်ဆင်သွားလာစေရေးအတွက် Mask Campaign များကို မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းအချိန်က ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ဖ.ဆ.ပ.လ စျေး၊ စက်ရုံလမ်း တစ်လျှောက်နှင့် မင်္ဂလာစျေးအတွင်းရှိ ပြည်သူများအား နှာခေါင်းစည်း (Mask) များတပ်ဆင်မှုရှိစေရေး နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမှ ကာကွယ်နိုင်ရေးနည်းလမ်းများကို နှိုးဆော်ပေးခဲ့ကြပြီး နှာခေါင်းစည်း (Mask) အခုရေ (၁၀၀၀) ကျော်နှင့် Face Shield အခု (၁၀၀) ကျော်တို့အား ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြသည်။ အဆိုပါ Mask Campaign များအား ပြည်သူများ အသွား အလာများသည့်နေရာများတွင် အပတ်စဥ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် မြို့နယ်ဌာနဆိုင်ရာများက ပူးပေါင်းပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)