အုတ်ဖို နိုဝင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်စားအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိကြောင်း သိရသည်။
နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများ အတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီနှင့် ပဲ စသည့် အခြေခံစားသောက်ကုန် (၅)မျိုးကို အုတ်ဖိုမြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စု(၆၃)အုပ်စုမှ အိမ်ထောင်စုပေါင်း (၁၂၀၆၀)စု၊ ဒုတိယအကြိမ်တွင် နောက်တိုးအခြေခံအိမ်ထောင်စု(၇၇၇၈)စုအတွက် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် (၁၅၀၀၀/-) နှုန်းဖြင့်ထောက်ပံပေးနိုင်ခဲ့ပြီး တတိယ အကြိမ်တွင် ရပ်ကွက်ကျေးရွာ အုပ်စု(၆၃) အုပ်စုမှ အခြေခံအိမ်ထောင်စု(၁၉၈၃၈)စုအတွက် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် (၂၀၀၀၀)ကျပ် နှုန်း၊ စတုတ္ထအကြိမ်တွင် အခြေခံအိမ်ထောင်စု(၁၉၈၃၈)စုအတွက် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် (၂၀၀၀၀)ကျပ်နှုန်း၊ ပဥ္စမအကြိမ်တွင်ရပ်ကွက် ကျေးရွာအုပ်စု (၆၃)အုပ်စုမှ အခြေခံအိမ်ထောင်စု(၁၉၈၃၈)စုအတွက် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် (၂၀၀၀၀)ကျပ် နှုန်းဖြင့် ထောက်ပံ့နိုင်ခဲ့သည်။ ယခုအခါတွင်လည်း ရပ်ကွက်ကျေးရွာအုပ်စု (၆၃)အုပ်စုမှ အခြေခံအိမ်ထောင်စု(၁၉၈၃၈)စု အတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၂၀၀၀၀)ကျပ် နှုန်းဖြင့် ထောက်ပံ့ပေးလျှက် ရှိကြောင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများမှ ကြီးကြပ်ကာ ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျှက်ရှိကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)