လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပြည်သူများအား Mobile Market ဈေးကားဖြင့် ဟင်းသီးဟင်းရွက်နှင့်သားငါးများ ဈေးနှုန်းချိုသာစွာ လာရောက် ရောင်းချပေး

လှိုင်သာယာ(အနောက်ပိုင်းနိုဝင်ဘာ  ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြိုနယ် အနော်ရထာလမ်း  ၊အမှတ်(၂၀)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့နား၌ ကိုဗစ်၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများအား Mobile Market ဈေးကားဖြင့် ဟင်းသီးဟင်းရွက်နှင့် သားငါးများကို ဈေးနှုန်း ချိုသာစွာဖြင့်  ယနေ့နံနက် ()နာရီမှ (၁၁)နာရီအထိ လာရောက်ရောင်းချပေးလျက်ရှိသည်။

ထိုသို့ Mobile Market ဈေးကားဖြင့်လာရောက်ရောင်းချပေးရာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံ ကုန်သည်များကြီးများအသင်းချုပ်တို့ပူးပေါင်း၍ သန့်ရှင်း လတ်ဆတ်၍ ဓာတုကင်းစင်သော ဟင်းသီး ဟင်းရွက်နှင့် သားငါးများလာရောက်ရောင်းချပေးသည်။

အဆိုပါရောင်းချရာတွင် ကြက်ဥ (၁၀)လုံး ၁၀၀၀ကျပ် ၊ကြက်သား()ပိဿာ (၄၀၀၀)ကျပ်၊ ဝက်သား()ပိဿာ ၉၀၀၀ကျပ်နှင့် ၁၀၀၀၀ကျပ်၊အမဲသား()ပိဿာ ၁၃၀၀၀ကျပ် ဆိတ်သား ()ပိဿာ၂၀၀၀၀ကျပ်၊ ငါး()ပိဿာ ၄၀၀၀ကျပ်၊ ၅၀၀၀ကျပ်၊၆၀၀၀ကျပ် ဟင်းရွက်ဆီ ()ပိဿာ ၂၂၀၀ကျပ်နှုန်းဖြင့် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် အတွင်းရှိ ပြည်သူများအား လာရောက်ရောင်းခ ျပေး လျက်ရှိကြောင်းသိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)