ရွှေဘို နိုဝင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိရေး အရည်အသွေးများ စစ်ဆေးခြင်းလုပ်ငန်းများကို နိုဝင်ဘာလ ပထမအပတ်မှစ၍ စစ်ဆေးပေးလျက်ရှိကြောင်း ရွှေဘိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ စစ်ဆေးပေးခြင်းနှင့်ပတ်သက်၍ ဒေသခံကျေးလက်နေပြည်သူများအနေဖြင့် နေစဉ် သောက်သုံး လျက်ရှိသော ရေထွက်ပင်းရင်များဖြစ်သော ရေတွင်း၊ရေကန်များမှ ရေနမှုနာများကို ရယူပြီး ၎င်းထဲ၌ လူနှင့် တိရစ္ဆာန်များ၏ အညစ်အကြေးပါဝင်မှုအခြေအနေများနှင့် ဝမ်းပျက်ဝမ်းလျှောဂါ ဖြစ်ပွားစေတတ်သော အီကိုလိုင် ဘက်တီးရီးယား ပါဝင်မှုရှိ/မရှိကို သိရှိနိုင်စေရန်အတွက် E-coli Test-Kit ဖြင့် စစ်ဆေးပေးခြင်းဖြစ်ကြောင်း ရွှေဘိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခမ်းအိအိဖြူ မှပြောကြားသည်။
ထို့သို့ စစ်ဆေးပေးခြင်းဖြင့် သောက်သုံးရေများတွင် အီကိုလိုင် ဘက်တီးရီးယား ပါဝင်မှုရှိပါက ဝမ်းပျက်ဝမ်း လျှောနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်သည့်အတွက် ၎င်းသောက်သုံးရေများကို ကျိုချက်ပြီး သောက်သုံးနိုင်စေရန် နှင့်ရောဂါဖြစ်ပွားမှုအန္တရာယ်များမှ ကြိုတင်ကာကွယ်နိုင်စေရန် အတွက် စစ်ဆေးပေးလျက်ရှိရာ ယနေအချိန်ထိ ရွှေဘိုမြိုနယ်အတွင်းမှ ကျေးရွာပေါင်း(၁၇၀)ထဲမှ (၂၈)ရွာကို စစ်ဆေးပြီးစီးပြီးဖြစ်ကြောင်းနှင့် ကျန်ကျေးရွာများ ကိုလည်း ဆက်လက်စစ်ဆေးပေးသွားမည်ဟု မြို့နယ်ဦးစီးမှူး ထံမှသိရသည်။
ထွန်းမြင့်အောင်(ရွှေဘို)