ပိုင်ကျုံမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများတွင် အတွင်းရေးမှူးအဖြစ် တာ၀န်ထမ်းဆောင်ခဲ့သော (စာရေး၀န်ထမ်း) များအား ထောက်ပံ့ငွေပေးအပ်

ပိုင်ကျုံ  နို၀င်ဘာ  ၁၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ၂၀၂၀ပြည်နှစ် နို၀င်ဘာလ(၈)ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေ စီအထွေထွေရွေးကောက်ပွဲတွင်သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများ အလိုက် ကော်မရှင်အဖွဲ့ခွဲများ တွင် အတွင်းရေးမှူးအဖြစ်တာ၀န် ထမ်း ဆောင်ခဲ့သည့် စာရေး၀န်ထမ်းများအား ယနေ့နံနက်ပိုင်းက ထောက်ပံ့ငွေ များပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေများပေးအပ်ရာတွင် ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးထွန်းရန်အောင်က ရပ်ကွက်နှင့်ကျေးရွာ စာရေးဝန်ထမ်းများအနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် အခြားဌာနဆိုင်ရာများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရသည့် ရွေးကောက်ပွဲ လုပ်ငန်း တာဝန်များအား အချိန်နှင့် တပြေးညီ ပြီးမြောက်အောင်ကြိုးစားဆောင်ရွက်ခဲ့မှုကြောင့် နိုင်ငံတော်မှ ထောက်ပံ့ ငွေများ ပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား ပြီး ထောက်ပံ့ငွေများကို ရပ်ကွက်နှင့် ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးအဖြစ် တာ၀န်ထမ်းဆောင်ခဲ့သော (စာရေးဝန်ထမ်း) များထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများကို ပိုင်ကျုံမြို့ အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများရှိ ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးအဖြစ် တာ၀န်ထမ်းဆောင်ခဲ့သော (စာရေးဝန်ထမ်း) (၃၂) ဦးအတွက် တစ်ဦးလျှင်ထောက်ပံ့ငွေ ကျပ်(၇၂၀၀၀)ကျပ်ဖြင့် စုစုပေါင်းငွေကျပ် (၂၃၀၄၀၀၀)ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)