ဒဂုံ နိုဝင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ရောဂါကို ထိရောက်စွာကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ဈေးရောင်း၊ဈေးဝယ် ပြည်သူများ နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာကြရန် အသိပညာပေးMaskCampaignဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်း က ဘုရားကြီးရပ်ကွက်အခွန်လွတ်ဈေးဒဂုံရိပ်သာဈေးတို့၌ ဆောင်ရွက်ကြောင်းသိရသည်။
ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအီနွယ်လှိုင်ပူနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများစုပေါင်း၍လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ခြင်းအနေဖြင့် ပြည်သူ များ တစ်ဦးမှတစ်ဦးသို့ ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရန် နှာခေါင်းစည်း(Mask)စနစ်တကျတပ်ဆင် ကြရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းအပြင် နှာခေါင်းစည်းMask (၄၅၀)ခုနှင့် Faceshield(၂၈၀)ခုတို့အားအခမဲ့ဖြန့် ဝေပေးကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)