အခြေခံလူတန်းစား (၇,၀၇၇) အိမ်ထောင်စုအား စတုထ္ထအကြိမ် ထောက်ပံ့ငွေ တစ်အိမ်ထောင်စုလျှင် (၂) သောင်းနှုန်း ထောက်ပံ့

ချောင်းဆုံ နိုဝင်ဘာ   ၁၇

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်း အခြေခံလူတန်းစားများအား စတုထ္ထအကြိမ် ငွေကြေး ထောက်ပံ့ခြင်း ကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် နိုဝင်ဘာ ယနေ့ နံနက် (၁၁) နာရီခွဲအချိန်က ကျင်းပရာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလင်းတင်ဌေး၊  မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသိုက် ထွန်းနှင့် ရပ်ကွက်/ ကျေးရွာ များမှ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။

အဆိုပါ ထောက်ပံ့ငွေပေးအပ်ရာတွင် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မ ကအဖွင့်အမှာ စကားပြောကြားပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးသိုက်ထွန်းက အခြေခံလူတန်း စားများအား အမှန် တကယ်ရသင့်ရထိုက်သည့် အိမ်ထောင်စုများ၏ အခြေအနေအမှန်စာရင်းများနှင့် ထောက်ပံ့ ငွေများကို သတ်မှတ်ထားသည့် ငွေကျပ်နှုန်းထားအတိုင်းရရှိနိုင်ရန်အတွက် ကျေးရွာ အုပ်ချုပ် ရေးမှူးများမှ စိစစ်ပြီး ထောက်ပံ့ငွေများကို အခြေခံလူတန်းစားများ လက်ဝယ်အရောက် ပေးအပ်ရန်လိုကြောင်း ပြောကြား သည်။

ချောင်းဆုံမြို့နယ်တွင် အခြေခံလူတန်းစားများအား ငွေကြေးထောက်ပံ့ခြင်းကို စတုထ္ထအကြိမ် မြောက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး အိမ်ထောင်စု (၇၀၇၇) စုအတွက် တစ်အိမ်ထောင်စု လျှင် ငွေကျပ် (၂)သောင်း နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၁၄၁၅၄၀၀၀၀) ကျပ်ကို တာဝန်ရှိသူများက ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)