ပြည်မြို့စည်ပင်သာယာမြို့မစျေးကြီး၌ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး mask Campaign ပြုလုပ်

ပြည်   နိုဝင်ဘာ   ၁၇


ပဲခူးတိုင်းဒေသကြီး ပြည်မြို့စည်ပင်သာယာမြို့မစျေးကြီး၌ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ထိန်းချုပ် ကာကွယ်ရေးအတွက် mask Campaign ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ mask Campaign ပြုလုပ်ရာမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပဲခူးတိုင်း ဒေသကြီး ဦးစီးမှူး ဒေါက်တာရန်နိုင်မောင် ဦးဆောင်၍ ပြည်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာကေခိုင်ဝင်းနှင့် ခရိုင်နှင့်မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ၊ ခရိုင်ပြန်/ဆက် ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင် သာယာရေး အဖွဲ့ ဝန်ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါပူးပေါင်းအဖွဲ့သည် နံနက်(၇)နာရီတွင် မြို့မစျေးကြီးတွင် သွားလာလှုပ်ရှားရောင်းဝယ် ဖောက်ကားနေကြသော စျေးသည်စျေးဝယ်များ၊ ကားဂိတ်များနှင့်အနှေးယာဉ် ဂိတ်များ အပါအဝင် လမ်းသွားလမ်းလာပြည်သူများကို ပါးစပ်နှာခေါင်းစည်း mask များ တပ်ဆင်ပြီးမှ သွားလာကြရန် အသိပေးနှိုးဆော်ခြင်း၊ maskများ စနစ်တကျ တပ်ဆင်ရန် အခမဲ့ ဖြန့်ဝေပေးခြင်း၊ အသုံးပြုရန်မသင့်တော့သည့် mask အဟောင်းများ အစား အသစ်လဲလှယ်ပြီး တပ်ဆင်ရန် ဖြန့်ဝေပေးခြင်းနှင့် mask အဟောင်းများကို စနစ်တကျစွန့်ပစ်ရန် အသိပညာ ပေးခြင်း အပါအဝင် Face Sheild များကိုပါဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
မျိုးကျော်ကြီး(ခရိုင်ပြန်/ဆက်)