ကျိုက်မရော နိုဝင်ဘာ ၁၇
မွန်ပြည်နယ် ကျိုက်မရော မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလ အတွင်း မြို့နယ်အတွင်းရှိ အခြေခံ လူ တန်းစားအိမ်ထောင်စုများ အတွက် နိုင်ငံတော်မှ စတုတ္တ အကြိမ်အဖြစ် ထောပ်ပံ့ပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းမောင်နှင့် အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးခင်ဇော်ဦးတို့က အမှာစကား ပြောကြားခဲ့ပြီး ကျိုက်မရောမြို့နယ် အတွင်းရှိ ပုံမှန်ဝင်ငွေ မရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု (၈၅,၇၇) စုအတွက် အိမ်ထောင်စုတစ်စုလျှင် ကျပ် နှစ်သောင်းစီဖြင့် ထောက်ပံ့ငွေ စုစုပါင်းကျပ် (၁၇၁၅၄၀၀၀၀ိ/) အား သက်ဆိုင်ရာ တာဝန် ရှိသူများက ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)