ရွှေကျင်မြို့နယ်တွင် ညမထွက်ရ ဒေသန္တရအမိန့် ထပ်မံထုတ်ပြန်

ရွှေကျင် နိုဝင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ညမထွက်ရအမိန့်ကို နိုဝင်ဘာလ ၁၄ ရက်နေ့ရက်စွဲပါ အမိန့်အမှတ် ၆/၂၀၂၀ ဖြင့် ထုတ်ပြန်ခဲ့ပြီး ရွှေကျင်မြို့နယ်အတွင်းရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာပေးကြောင်း သိရသည်။

အဆိုပါအမိန့်စာတွင် ရွှေကျင်မြို့နယ် နယ်နိမိတ်အတွင်း မှီတင်းနေထိုင်ကြသော  ပြည်သူများ  ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူလူထုအပါ အဝင် မည်သူ မဆိုလုံလောက်သော အေကြောင်းပြချက်မရှိဘဲ မိမိတို့၏ နေအိမ်ခြံဝန်းပြင်ပသို့ လုံး(လုံးဝ) ထွက်ခွာခြင်း မပြုရန် မဖြစ်မနေ သွားရောက်ရန် လိုအပ်ပါက မြိုနယ်ကိုဗစ်-၁၉ ‌ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ တာဝန်ပေးအပ်ခြင်းခံရသည့် စိစစ်ရေးအဖွဲ့များ၏ ခွင့်ပြုချက်ဖြင့်သာ သတ်မှတ် အချိန်/နေရာများတွင် သွားလာခြင်းတို့ကို နိုဝင်ဘာလ ၁၄ ရက်နေ့မှစ၍ ည ၁၂ နာရီမှ နောက်တစ်နေ့ နံနက်၄ နာရီအထိ ညမထွက်ရဟု ဖော်ပြထားပါသည်။

အဆိုပါညမထွက်ရအမိန့်သည် စတင်ထုတ်ပြန်သည့်နေ့မှစ၍ ရက်ပေါင်း(၆၀) အတည်ဖြစ်ကြောင်း သိရပြီး လိုက်နာရန် ပျက်ကွက်သူများကို တည်ဆဲဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)