ပန်ဆောင် နိုဝင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့တွင် KG တန်းမှ တတိယတန်းနေအရွယ် ကျောင်းသား/ သူများအား ENDO အဖွဲ့အစည်းမှ အာဟာရမုန့် (၃၁၅၀) ထုပ်ကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း၌ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လမ်းညွှန်ချက်နှင့် အညီ ဒု-ကျောင်းအုပ်ကြီးဦးဌေးဝမ်၊ ကျောင်းဆရာ/မများ ကြပ်မတ်ပြီး အဆိုပါ ENDO အဖွဲ့အစည်းမ ှထောက်ပံ့သည့် အာဟာရမုန့် တစ်ဦးလျှင် (၂၁) ထုပ်နှုန်း KG တန်းမှ တတိယ တန်းနေ ကျောင်းသား/သူပေါင်း (၁၅၀) ဦးတို့အား အာဟာရမုန့်(၃၁၅၀)ထုပ်ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ENDO အဖွဲ့အစည်းမှထောက် ပံ့ပေးသောအာဟာရမုန့်သည် မြို့ပေါ်(၃) ရပ်ကွက်တွင် သတ်မှတ်အရွယ် ကျောင်းသား/ သူများအား ခုနှစ်ကြိမ်မြောက် ထောက်ပံ့ ပေးခြင်းဖြစ်ကြောင်း ဒု-ကျောင်းအုပ်ကြီး ဦးဌေးဝမ်ထံမှ သိရသည်။
ဂျာယော်(ပြန်/ဆက်)