ပိုင်ကျုံ နို၀င်ဘာ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ စည်ပင်သာယာရေး ဦးစီးဌာနအနေဖြင့် ပြည်သူ များသွားလာမှုလွယ်ကူစေရေးနှင့် ကုန်စည်စီးဆင်းမှုလွယ်ကူမြန်ဆန်စေရေး အတွက် လမ်းများအား အဆင့်မြင့်တင်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် ပြည်နယ် အစိုးရခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၃၆.၀၅)သန်းဖြင့် ပိုင်ကျုံမြို့ အမှတ်(၅)ရပ်ကွက်တွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
အဆိုပါကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းတွင် ပိုင်ကျုံမြို့ စည်ပင်သာယာရေးဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်သိမ့်သိမ့်မှ တာ၀န်ယူကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ကွန်ကရစ်လမ်းတွင် အရှည်(၁၀၈၅)ပေ၊ အကျယ်(၁၆) ပေနှင့် ထုထည်မှာ(၆)လက်မရှိပြီး ပိုင်ကျုံမြို့အမှတ်(၅)ရပ်ကွက်နှင့် ဆံတော်ရှင်ဖါ့နတ်ဘုရားသို့ ဆက်သွယ် ထားသော လမ်းဖြစ်ကြောင်း သိရသည်။
ပိုင်ကျုံ(ပြန်/ဆက်)