ကော့မှူးမြို့နယ်အတွင်းရှိ ဘုန်း‌တော်ကြီးကျောင်းများအား ဆွမ်းဆန်‌တော်နှင့် လှူဖွယ် ပစ္စည်းများ ဆပ်ကပ်လှူဒါန်း

ကော့မှူး နိုဝင်ဘာ ၁၇

ကိုဗစ်-၁၉ကူးစက်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ဆွမ်းကိစ္စအခက်အခဲများ မရှိစေရေးအတွက် ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၂၃) ကျောင်းသို့ မြိုနယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများကို လိုက်လံဆက်ကပ်လှူဒါန်း ပေးနေကြောင်း သိရသည်။

ကော့မှူးမြို့နယ်သည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန် Stay At Home သတ်မှတ်ထားစဉ်ကာလအတွင်း ဘုန်းတော်ကြီးကျောင်း(၂၃) ကျောင်းတွင်သီတင်းသုံးနေထိုင် တော်မှုကြသည့် သံဃာတော်အရှင်သူမြတ်များအား ဆွမ်းကိစ္စအစဉ်ပြေစေရန်အတွက် စန္ဒဘယ‌ ဆေးမိသားစုမှ ဦးဆောင်ပြီး တိုင်းရင်းဆေးမိသားစုများ၊ မေတ္တာပြည့်ဝသာသနာပြုအသင်း၊ နှစ်ဦးဓမ္မသဘင် အလှူရှင်မိသားစုများနှင့် တိုင်းကြက်ခြေနီအသင်းတို့ စုပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက ကော့မှူးမြို့နယ်အတွင်းရှိ ဘုန်း‌‌တော်ကြီးကျောင်း(၂၃)ကျောင်းအားတစ်‌ ကျောင်းလျှင် ဆန်(၁)အိတ်၊ ဆီ(၁၀)ပိသာ၊ ဆား(၁)အိတ်၊ ဆေးမျိုးစုံလက်သန့်ဆေး၊ Mask(၁)အိတ်၊ ကုလားပဲ(၁၅)ပိသာ၊  အားလူး(၁၅)ပိသာ၊ ခေါက်ဆွဲခြောက်(၃)ဖာ၊ ကော်ဖီမစ်(၃)ပါကင်၊ ကြက်သွန်နီ(၁၅)ပိသာ     စုစုပေါင်း အခြေခံပစ္စည်း(၉)မျိုးနှင့် တိုင်းရင်းဆေးဝါး တို့အား ကျောင်းထိုင်ဆရာကြီးများထံ ဆပ်ကပ် လှူဒါန်းပေးခဲ့ရာ လှူဒါန်းမှုအစုစုအတွက် သံဃာတော်ဆရာကြီးများက သာဓုအနုမောဒနာတရာများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။ 

ကျော်သူရ ကော့မှူး