စာဖတ်သူအကြိုက် စာပေဆွေးနွေးပွဲ Talk Showအား ကော့ကရိတ်မြို့ ပြည်သူ့ စာကြည့်တိုက်၌ ကျင်းပ

ကော့ကရိတ် နိုဝင်ဘာ ၁၇

ကရင်ပြည်နယ် ကော့ကရိတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန Community Centre ခန်းမတွင် ယနေ့မွန်းလွဲ(၂)နာရီချိန်က စာဖတ်သူအကြိုက် စာပေ ဆွေးနွေးပွဲ Talk Show ကို ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ဉီးစီးအရာရှိဉီးဝင်းရှိန်က ကိုဗစ်၁၉ကာလ အတွင်း စာပေချစ်ပြည်သူများ စာအုပ်စာပေများ ပိုမိုဖတ်ရှု့လေ့လာနိုင်ရေး အတွက် Oline မှ တစ်ဆင့်စာဖတ်သူ အကြိုက် စာပေဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ဆွေးနွေးပြောကြားသည်။ ထိုနောက် စာပေချစ်သူများ အသင်းမှ ဒေါက်တာတင်မောင်လှကစာဖတ်သူအကြိုက်ဖြစ်သည့်  ဆရာမကြီးဒေါက်တာ မတင်ဝင်းရေးသားသည့်”အလုပ်ဆိုတာအင်အားပါ”စာအုပ်အားလူငယ်လူရွယ်များ ဘဝတိုးတက်ရေးအတွက် အကြံဉာဏ်ပေး သည့် စာအုပ်၊အလုပ်လုပ်သည့်အခါဇွဲရှိခြင်း၊ စေတနာထားခြင်း၊ ကိုယ်ချင်းစာစိတ်ရှိခြင်း၊ ပေါင်းသင်းဆက်ဆံ တက်ခြင်း၊ ကိုယ့်ကို ကိုယ်အားကိုးတက်စေခြင်းစသည့် ကောင်းကျိုးရလဒ်များကို ဆွေးနွေး ပြောကြားခဲ့ ကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)