ကွမ်းခြံကုန်း နိုဝင်ဘာ ၁၇
ရန်ကုန်တိုင်း ဒေသကြီး၊တောင်ပိုင်း ခရိုင်၊ ကွမ်းခြံကုန်း မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာ ကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး မှ ရန်ကုန်တိုင်းဒေသကြီးသို့ ဝင်ရောက် မည့် ကုန်တင်ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက် များအား (RDT) Test Kit အသုံးပြု၍ ကိုဗစ်-၁၉ ရောဂါပိုးရှိ၊မရှိကို မြို့အဝင် အင်္ဂပူစစ်ဆေးရေးဂိတ် တွင် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန မှ ဝန်ထမ်းများ နှင့် အတူ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ၊လမ်းဦးစီးဌာနမှဝန်ထမ်းများ ၊မြို့နယ် ရဲတပ်ဖွဲ့ဝင်များ ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်းကူညီ၍ နေ့စဉ်စစ်ဆေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ (Positive)ရှိသူ (၄)ဦးတွေ့ရှိ ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ယမန်နေ့က ဧရာဝတီတိုင်း ဒေသကြီး မှ ရန်ကုန်တိုင်း ဒေ သ ကြီး သို့ ဝင်ရောက်မည့် ကုန်တင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၆၅) ဦး အား ( RDT ) Test Kit အ သုံးပြု၍ ကိုဗစ်-၁၉ ရောဂါ ပိုး ရှိ၊မရှိ စစ် ဆေးခဲ့ ရာ(၄)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး (Positive) တွေ့ရှိကြောင်း သိရသည်။ အဆိုပါ (Positive) တွေ့ရှိသူ (၄)ဦးမှာ လှိုင်သာယာမြို့နယ်မှ (၂ ) ဦး၊ ဘိုကလေး မြို့နယ် မှ (၁)ဦး ၊ သန်လျင်မြို့နယ်မှ ( ၁ )ဦး တို့ဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ် များမှ လာရောက် မခေါ်ဆောင် မှီ သဒ္ဓါဖြူလူမှုကူညီရေး အသင်းမှ အောင်ဆန်း သူရိယ လှသောင်း အားကစားခန်းမတွင် ဖွင့်လှစ်ထားသော (Quarantine Center) သို့ ပို့ဆောင် ပေးခဲ့ ကြောင်း သိရသည်။ မြိုနယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှု ဖြင့် အလှည့်ကျ ပူးပေါင်းအဖွဲ့များမှ နေ့စဉ် စစ်ဆေးရေးဂိတ်တွင် ကုန်တင်ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ရှိ၊မရှိ စစ်ဆေးဆောင်ရွက်လျက် ရှိရာ ယခုလ (၁၅) ရက်နေ့က ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၅၇)ဦး အားစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး(Positive) မတွေ့ရှိကြောင်းသိရသည်။
ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)