လှိုင်မြို့နယ်သီရိမင်္ဂလာ​စျေးတွင် Mask များဖြန့် ဝေ​ပေးခြင်းနှင့်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

လှိုင်    နိုဝင်ဘာ   ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့ မှုမရှိစေရန်၊ ဈေးရောင်းသူနှင့်ဈေးဝယ်လာသူများ ကူးစက်မှူမှကာကွယ်​ရန် အတွက်လှိုင်မြို့နယ်အတွင်းရှိ သီရိမင်္ဂလာ​စျေးတွင်ယမန်​နေ့ နံနက်() နာရီကကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း  ကိုဗစ်-၁၉ရောဂါဓာတ်ခွဲအတည်ပြုလူနာဦး‌ရေ များပြားလာသည့်အတွက် ရောဂါကူးစက်မှုကို ပိုမိုထိရောက်စွာကြိုတင်ကာကွယ်နိုင်ရန် ဈေးအတွင်းဈေးရောင်း၊ ဈေးဝယ်သူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန် ချက်များနှင့် အညီဈေးအတွင်းသို့နှာ ခေါင်းစည်း Mask များ တပ်ဆင်၍ ရောင်းဝယ်မှု ရှိ/မရှိ‌ စစ်ဆေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်မှု မရှိသူများအားဈေးအတွင်းဝင်ရောက်ခွင့်မပြုဘဲ Mask တပ်ဆင်ပြီးမှ သာဈေးအတွင်း ဝင်ရောက်ခွင့်ပြုခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းများကို ရန်ကုန်အ​နောက်ပိုင်းခရိုင်နှင့်လှိုင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ် ကုသရေး အဖွဲ့ဝင်များ၊ခရိုင်နှင့် မြို့နယ်စည် ပင်သာယာရေး ဝန်ထမ်းများ၊ ခရိုင်နှင့်မြို့နယ် မီးသတ်ဦးစီးမှူးနှင့်အဖွဲ့ဝင်များက ပြည်သူများအား Mask တပ်ဆင်ရေး အသိပညာပေးခြင်း၊ ဈေးအတွင်း ဈေးသည်/ ဈေးဝယ်များအား Mask များအခမဲ့ဖြန့်ဝေပေး ခြင်းများ​ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ကြည်​​ဇေ​သော်(ပြန်/ဆက်)