ကြည့်မြင်တိုင်မြို့နယ် ဗဟိုစံပြငါးစျေးကြီးရှေ့တွင် ယာဉ်တိုက်မှုဖြစ်ပွား

ကြည့်မြင်တိုင်  နိုဝင်ဘာ   ၁၇

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ဗဟိုစံပြငါးစျေးကြီးရှေ့တွင် ယနေ့ညနေ (၅း၄၅) အချိန်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကမာရွတ်မြို့နယ်ဘက်မှ ကြည့်မြင်တိုင်မြို့နယ်ဘက်သို့ မောင်နှင်းလာသော ကွန်တိန်နာ မော်တော်ယာဉ်ရှေ့မှ လူဖြတ်သွားသောကြောင့် ရုတ်တရက် ဘရိတ်အုပ်လိုက်ရာ နောက်မှကပ်ပါလာသည့် လိုက်ထရက်မော်တော်ယာဉ်မှ ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း၊ ယာဉ်တိုက်မှုကြောင့် ယာဉ်ပိတ်ဆို့မှု ဖြစ်ပွားခဲ့ပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အချိန်မီရောက်ရှိ ရှင်းလင်းခဲ့သောကြောင့် ခဏအကြာတွင် ယာဉ်ကြောများ ပြန်လည်ရှင်းလင်းခဲ့ကြောင်း၊ အဆိုပါယာဉ်တိုက်မှုကြောင့် လူသေဆုံး၊ ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် ဖြစ်စဉ်နှင့် ပတ်သက်၍ မော်တော်ယာဉ် ဥပဒေအရ စစ်ဆေးအရေးယူ ဆောင်ရွက်သွားမည် ဟံသာဝတီအဝိုင်း ယာဉ်အမှုစစ်အဖွဲ့ထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)