ယာဒိုဒေသတွင် မိုးစပါးစံကွက် ရိတ်သိမ်းခြင်း ကွင်းဆင်းဆောင်ရွက်

လိပ်သို နို၀င်ဘာ ၁၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ယာဒိုဒေသ၊ ကလေတကျေးရွာအုပ်စု ကွင်း အမှတ် (၄) ပရယ်ဆော်ကွင်း ဦးပိုင်အမှတ် (၄၃)၊ တောင်သူ ဦးမာရီယိုနှင့် ဦးဂျိုးဇက်တို့၏ ဧရိယာ (၃.၅၀) ဧကရှိလယ်တွင် ယမန်နေ့နံနက်က စံကွက်ရိတ်သိမ်းရာ လိပ်သိုမြို့ စိုက်ပျိုးရေး ဦးစီးဌာန လက်ထောက်ဦးစီးမှူး စောဒဲနေထူးဒီနှင့် မြို့လယ်ယာစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန လက်ထောက်ဦးစီးမှူး စောသာတောဂလူးနှင့် ၀န်ထမ်းများက ပူးပေါင်း၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စိုက်ပျိုးထားသော ဆင်းသုခမိုးစပါး စံကွက်ရိတ်သိမ်းခဲ့ကြပြီး အနီး ပတ်၀န်းကျင်မှ လယ်များမှ တောင်သူများ လာရောက် လေ့လာကြသည်။

တောင်သူနှစ်ဦး၏ မျိုးစေ့ထုတ်စိုက်ခင်းကို စံကွက်ရိတ်သိမ်းရာတွင် လယ်ကွင်းငယ် တစ်ကွက် လျှင် ကန့်လန့်ဖြတ် စံကွက်ငယ် (၃) ကွက်၊ ကန်သင်း (၃) ပေခွာပြီး (၀.၀၀၁) စံကွက်ဖြင့် ရိတ်သိမ်းခဲ့ကြရာ တစ်ဧက မိုးစပါးအထွက်နှုန်း အစို (၇၀.၀၄) တင်းနှင့် အခြောက် အထွက်နှုန်း (၆၄.၃၅) တင်းကျော် ထွက်ရှိခဲ့ကြောင်း သိရသည်။

နွယ်နွယ်ခိုင် (ပြန်/ဆက်)