ပန်ဆောင်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု များအား ထောက်ပံ့ငွေများပေးအပ်

ပန်ဆောင် နိုဝင်ဘာ  ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ပန်ဆောင်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသောအခြေခံ လူတန်း စား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရက စတုတ္ထအကြိမ်ထောက်ပံ့ငွေ ပေးအပ်ခြင်း ကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ပန်ဆောင်မြို့နယ်အတွင်းရှိ ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉) အုပ်စုရှိ အိမ်ထောင်စု (၂၆၁၃) စုအတွက် အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေစုစုပေါင်း ငွေကျပ်သိန်း ( ၅၂၂၆၀၀၀၀ )ကို မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဦးက ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအား ပေးအပ်ခဲ့သည်။

အဆိုပါ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ကို သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ပြန်လည်ထောက်ပံ့ ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ဂျာယော် (ပြန်/ဆက်)