ဘောဂလိ နိုဝင်ဘာ ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် ရေမြောင်းတူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် သုသာန် အဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို နိုဝင်ဘာလ ပထမအပတ်မှစ၍ ဆောင်ရွက်လျက် ရှိရာ ယခုအခါ (၁၀၀) ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ သုသာန်အဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းတွင် မြို့စည်ပင်သာယာရေးအဖွဲ့မှ သတ်မှတ်စံချန်စံညွှန်း ပြည့်မီရေးအတွက် အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ အရှည် (၅၀၀)ပေ၊ အကျယ် (၈) ပေ၊ ထု၈ လက်မ ရှိပြီး ခွင့်ပြုရန်ပုံငွေကျပ် (၉.၁၂၅) သန်းရှိကြောင်း သိရသည်။
ဘောဂလိ (ပြန်/ဆက်)