ကံမ နိုဝင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ကြို့ပင်ကျေးရွာအုပ်စု အထက်မီးပေါက်ကျေးရွာအနီးရှိ မဒေး ရေလှောင်တမံ၌ သိုလှောင် ရရှိ ထားသော ရေပမာဏမှာ ကန်ရေပြည့်နီးပါး သိုလှောင်ထားနိုင်သည့်အတွက် နွေစပါးစိုက်ပျိုးရာတွင် စိုက်ပျိုးရေများ လုံလောက်ပြည့်ဝစွာ ဖြန့်ဝေပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါမဒေးရေလှောင်တမံမှာ မိုးနှောင်းပိုင်းကာလ၌ မိုးရွာသွန်းမှုကောင်းခဲ့သည့်အတွက် ရေပြည့် အမှတ် ၄၃၄ ပေအား ရောက်ရှိခဲ့ပြီး ရေပြည့်ဝစွာရရှိခဲ့ကြောင်း မိုးစပါးစိုက်ခင်းများအတွက် မိုးစပါးအောင်ရေ၊ ဖြည့်စွက်ရေအဖြစ် ရေလှောင်တမံမှ ရေများဖြန့်ဝေပေးနိုင်ခဲ့ပြီး လာမည့် ၂၀၂၁ ခုနှစ် နွေစပါးစိုက်ခင်းများအတွက် စိုက်ပျိုး ရေများ ပြည့်ဝလုံလောက်စွာ ဖြန့်ဝေပေးနိုင်မည်ဖြစ်ကြောင်း သရက်ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမြင့်ထံက သိရသည်။
ကျော်ဇေယျဝင်း(ကံမ)