လှိုင်းဘွဲ နိုဝင်ဘာ ၁၈
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် World Vision အဖွဲ့တို့ ပူးပေါင်း၍ နိုဝင်ဘာလ(၂၀)ရက်နေ့တွင် ကျရောက်မည့် (၃၁)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း အထိမ်းအမှတ် ကမ္ဘာ့ကလေး များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး အသိ ပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်၌ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ခင်စန်းမြင့်က ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက် ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးနိုင်ဝင်းအောင်က လှိုင်းဘွဲ မြို့နယ်အတွင်း ကလေးသူငယ်များအနေဖြင့် ရသင့်ရထိုက်သော အခြေခံပညာတတ်မြောက်မှု မဆုံးရှုံးစေရေးအတွက် အခြေခံပညာဦးစီးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ခံ ဒုတိယဦးစီးမှူး ဦးစိုင်းရန်နောင်က လူမှုဝန်ထမ်း ဦးစီးဌာနမှာ ဆောင်ရွက်နေတဲ့ ကလေးသူငယ်များ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့် ဟူသော ကလေးသူငယ်အခွင့်အရေး(၄)မျိုးကို လည်းကောင်း၊ World Vision Myanmar မှ စီမံကိန်းတာဝန်ခံ ဒေါ်ခိုင်ယဉ်နုက လှိုင်းဘွဲမြို့နယ် အတွင်း ကျေးရွာများတွင် ကလေးသူငယ် အကြမ်းဖက်မှု ရပ်တန့်ရေးအတွက် စီမံချက် ရေးဆွဲဆောင်ရွက်ထားရှိမှု၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု လုပ်ငန်း များကိုလည်းကောင်း၊ မြို့နယ်ဉပဒေအရာရှိ ဒေါ်နှင်းနှင်းဝင်းက ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး ဥပဒေပြဌာန်းချက်၊ အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များကို လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ၌ ဆွေးနွေး ဆောင်ရွက်သည့် အကြောင်းအရာများအား Online မှတစ်ဆင့် တင်ဆက်မှုများကို လှိုင်းဘွဲမြို့နယ် ပြည်သူ့စာကြည့်တိုက် Page နှင့် IPRD Hlaingbwe Page တို့တွင် ထုတ်လွှင့် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)