မင်းလှမြို့ ယာယီဈေးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး Mask & Face Shield Campaign ပြုလုပ်

အထက်မင်းလှ    နိုဝင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ခြင်း ဆိုင်ရာ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲ ဆက်သွယ်ပညာပေး လူထု လှုပ်ရှားမှုများအဖြစ် (Mask & Face Shield Campaign)  အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို မင်းလှမြို့၊ မြို့နယ်အားကစားကွင်၌ ဖွင့်လှစ်ထားသော ယာယီစျေး တွင် ယနေ့နံနက်(၈)နာရီ ဆောင်ရွက်ခဲ့သည်။

မင်းလှမြို့နယ်  ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့်မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီတွင်ပါဝင်‌ သောဌာနဆိုင်ရာများပူး ပေါင်းအဖွဲ့က မင်းလှမြို့နယ်အတွင်းကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှု မရှိစေရန် ဈေးများ၊ လူအများစုဝေးရာ နေရာများ၌ Mask & Face Shield Campaign  ပြုလုပ်ခြင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိပြီး ဈေးများအတွင်း ဈေးရောင်း၊ စျေးဝယ် ပြုလုပ်နေသူများအား နှာခေါင်းစည်း (Mask) မဖြစ်မနေ၊ စနစ်တကျတပ်ဆင်ရေး အသိပညာပေးခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ တပ်ဆင်စေခြင်း၊ နှာခေါင်းစည်း (Mask) မျက်နှာအကာ (Face Shield) တို့ကို အခမဲ့ပေးဝေခြင်း၊ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာ စောင်ဖြန့် ဝေပေးခြင်းတို့ကို လူထု လှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ဇာဇာ(အထက်မင်းလှ)