လှိုင်းဘွဲ နိုဝင်ဘာ ၁၈
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) တွင် တဝန်ဖန်ရကျေးရွာ အုပ်စု၊ နားဒိတ်ကျေးရွာ စာသင်ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းကို ၄၀%ပြီးစီးနေပြီး ဖြစ်ကြောင်း သိရသည်။
အဆိုပါ စာသင်ကျောင်းဆောင်သစ်ကို လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေ (၃၂,၄၀၀,၀၀၀) ကျပ်ဖြင့် (အလျှား ၆၀ပေ x အနံ ၃၀ပေ x အမြင့် ၁၂ပေ) ဆောက်လုပ်ခြင်းလုပ်ငန်းကို လူထုဗဟိုပြု စီမံကိန်းမှ လက်ထောက်နည်းပညာမှူး နန်းဝင့်ဝတ်ရည်ခြူး၊ လူထုစည်းရုံးရေးမှူး နန်းမြတ်သူဇာတို့မှ အနီးကပ်ကြီးကြပ်ဆောင်ရွက်မှု၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနနှင့် မြို့နယ်နည်းပညာအကြံပေးအဖွဲ့တို့၏ စနစ်တကျလမ်းညွန်မှု၊ ရပ်ရွာ ပြည်သူ လူထုတို့၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး လုပ်ငန်းများ ၁၀၀% ပြီးစီးပါက နားဒိတ်ကျေးရွာမှ အိမ်ထောင်စု (၁၁၇)စု၊ လူဦးရေ (၇၆၀) ဦးနှင့် မူလတန်းတွင် ပညာသင်ကြားနေသော ကျောင်းသား (၄၅)ဦး၊ ကျောင်းသူ(၄၃)ဦးတို့အတွက် လုံခြုံစိတ်ချစွာဖြင့် စနစ်တကျပညာ သင်ကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)