အ-ထ-က(ပန်းတင်)အမျိုးသားကျောင်း မြတ်ဆရာပူဇော်ပွဲကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အိမ်တိုင်ယာရောက် လိုက်လံပူဇော် ကန်တော့ သွားမည်

ကြို့ပင်ကောက် နိုဝင်ဘာ ၁၈


ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့ အထက(ပန်းတင်) အမျိုးသားကျောင်းကြီး၏ မြတ်ဆရာပူဇော်ပွဲကို နှစ်စဉ်အမျိုးသားနေ့တွင် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ရာ ယခုနှစ်တွင် အမျိုးသားအောင်ပွဲနေ့ (၉-၁၂-၂၀၂၀) ရက်နေ့တွင်ကျင်းပမည့် မြတ်ဆရာ ပူဇော်ပွဲကို မြတ်ဆရာပူဇော်ပွဲ ကျင်းပရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကန်တော့ခံ ဆရာကြီး ဆရာမကြီးများ၏အိမ်တိုင်ယာရောက် ပူဇော်ကန်တော့သွားမည်ဖြစ်ကြောင်း သိရသည်။
ယခင်နှစ်များက အ-ထ-က(ပန်းတင်) အမျိုးသားကျောင်းကြီး၏ မင်းခေါင်ခန်းမတွင် စည်းကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ယခုနှစ်အမျိုးသားအောင်ပွဲနေ့တွင်ကျင်းပပြုလုပ်မည့် မြတ်ဆရာ ပူဇော်ပွဲတွင် ကန်တော့ခံဆရာကြီးဆရာမကြီး (၉၃)ဦးအား ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျောင်းသားကျောင်းသူဟောင်း (၅) ဦးစီဖြင့် အိမ်တိုင်ယာရောက် ပူဇော်ကန်တော့ သွားမည်ဖြစ်ပြီး ယင်းသို့ ပူဇော်ကန်တော့ရာ တွင်လည်း ကန်တော့ခံဆရာကြီး ဆရာမကြီးများ ခွင့်ပြုသဘောတူညီချက်ဖြင့် ပူဇော် ကန်တော့ခြင်းနှင့် ပူးဇော်ကန်တော့ငွေကိုသာ လွှဲပြောင်းပေးပို့သောနည်းဖြင့် ပူဇော် ကန်တော့ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြတ်ဆရာပူဇော်ပွဲဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ကိုထွန်းလင်းနိုင်မှ ပြောသည်။
ကြို့ပင်ကောက်မြို့နယ်မှ အဝေးရောက် ကျောင်းသားကျောင်းသူဟောင်းများအနေဖြင့် ဆက်သွယ်၍ အလှူငွေများ ထည့်ဝင်လှူဒါန်းလိုပါက ဒေါက်တာတင်ဝင်းအောင် ၀၉၄၂၉၃၃၂၂၂၆၊ ဦးခင်မောင်လင်း ၀၉၅၃၇၄၂၅၉၊ ဒေါက်တာမျိုးဇင်ဦး ၀၉၄၃၀၄၂၄၁၁၊ ကိုခင်ဝင်း ၀၉၅၃၇၄၀၈၁၊ ကိုအောင်ကိုမင်း ၀၉၅၃၇၄၁၆၉၊ ကိုထွန်းလင်းနိုင် ၀၉၄၂၃၆၇၆၇၆၁ နှင့် CB Bank Account မှာ 0034600100072548 တို့သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်းသိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)