ပန်းတောင်းမြို့နယ်၌ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ ငွေပေးအပ်

ပန်းတောင်း   နိုဝင်ဘာ   ၁၈


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ၊ ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ထိန်းချုပ် ကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော် မှ (စတုတ္ထအကြိမ်)ထောက်ပံ့ပေးအပ်သည့်ငွေများကို ယမန်နေ့က အိမ်ထောင်စုများလက်ဝယ် အရောက် လိုက်လံပေးအပ်လျက်ရှိကြောင်းသိရသည်။
ပန်းတောင်းမြို့နယ်တွင် ရပ်ကွက် (၈)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄၉)အုပ်စုရှိသည့်အနက် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုပေါင်း (၁၃၉၀၈)တစ်အိမ်ထောင်စုလျှင်ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် သက်ဆိုင်ရာရပ်ကွက်/အုပ်ချုပ်ရေးမှူးများနှင့် ကော်မတီအဖွဲ့ဝင်များက အိမ်ထောင်စု များ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်းသိရသည်။
သင်းသင်းအေး (ပြန်/ဆက်)