သာယာဝတီ နိုဝင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၀ ပြည့်နှစ် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများကို နိုဝင်ဘာ ၁၂ ရက်မှ စတင်ကာ ထုတ်ချေးပေး လျက်ရှိကြောင်း သိရသည်။
ယနေ့ ယနေ့ နံနက်ပိုင်းတွင် တောင်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက် များနှင့်အညီ ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ ကျေးရွာများမှ ဆောင်းချေးငွေ တစ်နေ့လျှင် တောင်သူ(၇၀) ဦးခန့်၏ ဆောင်းသီးနှံထုတ်ချေး ပေးလျက်ရှိပြီး စိုက်ပျိုးဧက (၂၉၇၇)ဧက အတွက် တောင်သူ(၄၃၂၄)ဦးအား တစ်ဧကလျှင် တစ်သိန်းကျပ်နှုန်းဖြင့် ကျပ်သိန်း (၂၉၇၇၂) ကို ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သာယာဝတီမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာ( ၃)အုပ်စုမှ တောင်သူ(၄၃၂၄)ဦး၏ စိုက်ဧကများအား ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၂ ရက်နေ့မှ စတင်၍ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ထုတ်ချေးပေးသွားရန် လျာထားဆောင်ရွက်ထားကြောင်း သာယာဝတီခရိုင် ဘဏ်ခွဲ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဦးဟုတ်သိန်းထံမှ သိရသည်။
သန့်ဇော်(သာယာဝတီ)