ကမာရွတ်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုလုပ်ငန်းများအတွက် လိုအပ် သည်များလှူဒါန်း

ကမာရွတ် နိုဝင်ဘာ ၁၈

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ် မြို့နယ် အတွင်းရှိ  အသွားအလာကန့်သတ်စောင့်ကြည့်နေရာများနှင့် လိုအပ်သည့် နေရာများတွင် အသုံးပြု နိုင်ရန်အတွက် Kagyi Co;Ltd မှ PPE ဝတ်စုံ (၁၀၀၀) နှင့် KN 95 Mask (၂၀၀၀)ခုတို့ကို  Quarantine Center သို့ လာရောက်လှူဒါန်းခဲ့သည်။ အလားတူ  Primary Contact များအတွက် အလှူရှင်မိသားစုမှလည်း နေ့လယ်စာအတွက် ထမင်းဟင်း (၅၀)ဘူး တို့ကိုလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါလှူဒါန်းမှုကို တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

စိမ်းလဲ့ (ပြန်/ဆက်)