လမ်းမတော်မြို့နယ်၌ FDA မှ တားမြစ်ထားသော ဆေးဝါးများရောင်းချမှု ရှိ/မရှိ စစ်ဆေး

လမ်းမတော် မတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ အ‌​နောက်ပိုင်းခရိုင်၊ လမ်းမ‌တော်မြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနနှင့် တာဝန်ရှိသူများ ပူးပေါင်းသောအဖွဲ့သည် ယမန်နေ့နံနက် ၁၀နာရီက​မြို့နယ်အတွင်းရှိ ဆေးမျိုးစုံဆိုင်များတွင် FDA မှ တားမြစ်ထား‌သော  ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ကို ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနတို့မှ တာဝန်ရှိသူ ဝန်ထမ်းများ ပူးပေါင်းပါဝင်သော အဖွဲ့မှ ဆေးမျိုးစုံဆိုင်များအား ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး  တားမြစ်ထားသော ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများနှင့် ပတ်သက်၍ အသိပညာပေး ရှင်းလင်းခဲ့ကြကြောင်း သိရသည်။

ကျော်ဆန်းမြင့်